ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ Year End Party အား ၂၀၁၇ ဒီဇင်ဘာလ ၁၉ ရက်နေ့ တွင် အဖွဲ့ဝင်များဖြင့် မြရိပ်ညိုဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ ၂၀၁၇ တစ်နှစ်လုံး၏ လုပ်ငန်းများအပေါ် အပြန်အလှန် သုံးသပ်ခြင်းများ၊ ပျော်ရွှင်ဖွယ် Game ကစားခြင်း၊ တစ်နှစ်ပတ်လုံး၏ အတက်ကြွဆုံး အဖွဲ့ဝင်များအား ဂုဏ်ပြုဆုပေးအပ်ခြင်းများနှင့် အဖွဲ့ဝင်များနှင့်အတူ ညစာစားပွဲကျင်းပကာ ပျော်ရွှင်စွာ ပြီးဆုံးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်အတွက် The Most Active Member (NGO/CSO) ဆုကို ဒေါ်ခင်လှ (ရောင်ခြည်သစ်) မှ လည်းကောင်း၊ The Most Active Member (INGO) ဆုကို ဒေါ်စုစုငယ်၊ ဒေါ်ထက်ထက် (ပျိုးပင်) မှ လည်းကောင်း၊ The Most Active Member (TRP) ဆုကို ဒေါ်ကျော့ကျော့ခိုင်မှ လည်းကောင်း၊ The Most Active NGO/CSO Member ဆုကို ဖန်တီးအိမ် အဖွဲ့မှ လည်းကောင်း၊ The Most Active INGO Member ဆုကို Marie Stopes Myanmar မှ လည်းကောင်း၊ The Most Active Working Group ဆုကို Engaging Men Working Group မှ လည်းကောင်း အသီးသီး ရရှိခဲ့ကြပါသည်။ ဆုရရှိခဲ့သော အဖွဲ့ဝင်များအတွက် ဂုဏ်ယူဝမ်းမြောက်မိသလို ၂၀၁၇ တစ်နှစ်လုံး တက်ကြွစွာ ပါဝင်ခဲ့သော အဖွဲ့ဝင်အားလုံးအား အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။


back