ဤ Annimation Video လေးသည် Gender Equality Networkမှ ထုတ်ဝေသော 'မိုးစက်ကလေးများ' အမည်ရှိစာအုပ်ကို အနှစ်ချုပ်စုစည်းဖော်ပြထားခြင်း ဖြစ်ပါသည်။ သဘာဝဘေးသင့်ဒေသများသို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ကြမည့် နိုင်ငံ့သားကောင်းများအတွက် မဖြစ်မနေ သိသင့်သိထိုက်သော ဂျန်ဒါရေးရာ အကြောင်းအရာများကို သိရှိနိုင်စေရန် ရည်ရွယ်ပါသည်။ 

 

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ ဇွန်လအတွင်း ပြင်းထန်သော မုတ်သုန်မိုးရွာသွန်းခဲ့ပြီး ၎င်းသည်းထန်စွာ ရွာသွန်းခဲ့သောမိုးကြောင့်  မြန်မာနိုင်ငံအနှံ့အပြားတွင်  ရေကြီးမှုများ၊ မြေပြိုမှုများကို ဖြစ်စေခဲ့ပါသည်။ ယင်းသဘာဝဘေးဒဏ်ကြောင့် လူတစ်ရာကျော် သေဆုံးခဲ့ကာ လူဦးရေ ၁.၆သန်း ကျော်သည် ယာယီရွှေ့ပြောင်းခဲ့ပြီး စိုက်ပျိုးဧက ၁.၁ သန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပါသည်။

 

ထိုကာလတွင် Gender Equality Networkမှ  သဘာဝဘေးအန္တရာယ် အများဆုံးကျရောက်ခဲ့သော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၈ ခု ရှိ ကျေးရွာ ၁၆ ရွာမှ သဘာဝဘေားအန္တရာယ် တွေ့ကြုံခံစားခဲ့ရသူ အမျိုးသမီးနှင့် မိန်းကလေးများ၏ မြင်သာသော လက်ငင်းလိုအပ်ချက်များနှင့် မမြင်သာသော အဓိကလိုအပ်ချက်များကို ဦးတည်ကောက်ယူကာ ဂျန်ဒါရှုထောင့်မှ ဆန်းစစ်အကြံပြုထားပါသည်။ ထိုစစ်တမ်းမှ တွေ့ရှိချက်များ၊ သုံးသပ်ချက်နှင့် အကြံပြုချုက်များကို Gender Need Accessment Report  (English Language) နှင့် မိုးစက်ငယ်လေးများစာအုပ် (မြန်မာဘာသာ) အဖြစ် ပြုစုထုတ်ဝေခဲ့ပါသည်။

 

ဤစာအုပ်များတွင် သုသေသနနည်းလမ်းများမှ အဓိကတွေ့ရှိချက်များအပြင် အချက်အလက်ကောက်ယူခဲ့သော ဒေသများမှ ကဏ္ဍအလိုက် လိုအပ်ချက်များ၊ ဂျန်ဒါ လိုအပ်ချက် အကဲဖြတ်ခြင်းများအတွက် ပင်မတွေ့ရှိချက်များကို လေ့လာနိုင်မည် ဖြစ်ပါသည်။ ထိုမျှနှင့်မက ရေဘေးအန္တရာယ်အတွင်း ဂျန်ဒါနှင့်သက်ဆိုင်သော လစ်ဟာမှုများ၊ စေတနာ့ဝန်ထမ်းများ၏ အမြင်နှင့် သုံးသပ်ချက်များ၊ လူမှုအဖွဲ့အစည်းများ၏ မျှော်လင့်ချက်များကို စုံစုံလင်လင် လေ့လာနိုင်ပါမည်။ 

ထိုစာအုပ်များကို ယခု website ရဲ့ Resources အောက်က Publication Page မှာ ရယူနိုင်ပါတယ်။