မင်္ဂလာပါ...

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွက် သတင်းလွှာရယူဖို့ အချိန်ကျရောက်လို့လာပါပြီ။ ကျွန်ုပ်တို့အနေနဲ့ ၂၀၁၈ ခုနှစ်ကို နှုတ်ဆက်ကာ ၂၀၁၉  ခုနှစ်ကို စောင့်မျှော်နေကြပါပြီ။ ဒီဇင်ဘာလထဲမှာ ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲ၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ Members’ Assembly တို့ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ GEN မိသားစုအနေဖြင့်လည်း ရုံးတွင်း ခရစ်စမတ်ပါတီကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်မှာ အားလုံးကျန်းမာပျော်ရွှင်ကြပါစေဟု ဆုတောင်းပေးရင်း ပိုမိုကောင်းမွန်တဲ့ နှစ်တစ်နှစ် ပိုင်ဆိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

  

ယခုလ လစဉ်သတင်းလွှာမှာတော့ မကြာသေးမီမှ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ ပဲ့ကိုင်ကော်မတီတစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခံရသော GEN အဖွဲ့ဝင်ဖြစ်သူ ကိုတင်ကိုကို (ဘုရင်များ နှင့် ဘုရင်မများ) ၏ စကားလက်ဆောင်ကို မျှဝေထားပါတယ်။ နောက်လများမှာလည်း GEN အဖွဲ့ဝင်များ၊ ပဲ့ကိုင်ကော်မတီဝင်များနှင့် CU ဝန်ထမ်းများမှ မိမိတို့၏ GEN နှင့် ပတ်သက်သော အတွေ့အကြုံ စကားလက်ဆောင်များ ပါဝင်မျှဝေပေးပါရန် ဖိတ်ခေါ်အပ်ပါတယ်။


မင်္ဂလာပါ...

ဒီဇင်ဘာလရဲ့  ဆောင်းလေညှင်းနဲ့အတူ အေးမြသော ခံစားမှုများကို ရရှိခံစားနိုင်ပါစေကြောင်း ပထမဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

 
ကျွန်တော်ကတော့ Kings N Queens LGBT Organization မှ တင်ကိုကို ဖြစ်ပါတယ်။ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်ကို၂၀၁၂ ခုနှစ် မှ စတင်ပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး လူထုလှုပ်ရှားမှုမှ စတင်ပြီး ပူးပေါင်းပါဝင်လုပ်ဆောင်ပြီး ကွန်ရက်ချိတ်ဆက်ခဲ့ပါသည်။ စတင်လုပ်ဆောင်ခဲ့စဉ်မှာတော့ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် ပညာပေးဇာတ်လမ်းတိုများဖြင့် လူထုအသိပညာပေးခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။ 
 
၂၀၁၈ ခုနှစ်မှာတော့ ကွန်ရက်၏  ပဲ့ကိုင်ကော်မတီဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ ရှေ့ဆက်ပြီး ကျား ၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်တွင် LGBTများ၏ အရေးကိုပါ ယခင်ကထက်ပိုမို ပူးပေါင်းလုပ်ဆောင်သွားနိုင်ရန်အတွက်လည်း ကြိုးစားသွားပါမည်။ လုပ်ငန်းစဉ်တိုင်းတွင် LGBT များ၏ အရေးကိုပါ ထည့်သွင်းစဉ်းစား လုပ်ဆောင်ဖို့အတွက် ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်ကို တိုက်တွန်းရင်းဖြင့် Gender Equality ဖြစ်ဖို့အတွက် အခြားသောမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် အကောင်ထည်ဖော် လုပ်ဆောင်သွားပါမည်လို့ ပြောကြားရင်းဖြင့် နှုတ်ဆက်လိုက်ပါတယ်။

                              **************************************************

GEN’s Highlights

ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော် (မြစ်ကြီးနား) 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ တနင်္ဂနွေနေ့တွင် မြစ်ကြီးနားမြို့ရှိ မနောကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဌကြီးမှ အဖွင့်မိန့်ခွန်းပြောကြားပေးခဲ့ပြီး အသိပညာပေးပြခန်းများ ဖွင့်လှစ်ပြသခဲ့ကာ ရုပ်ရှင်ပွဲတော်တွင် ရွေးချယ်ခံရသော မှတ်တမ်းရုပ်ရှင်များနှင့် ဇာတ်လမ်းတိုရုပ်ရှင်များကို အများပြည်သူအား ပြသခဲ့ပါသည်။ 

ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော် (စစ်တွေ) 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ သောကြာနေ့တွင် စစ်တွေမြို့ရှိ ဦဥတ္တမပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကိုယ်စား ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ပြည်နယ်ဦးစီးမှုး ဦးမောင်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အသိပညာပေးပြခန်းများ ဖွင့်လှစ်ပြသခဲ့ကာ သာကီနွယ်သံချပ်အဖွဲ့မှ အသိပညာပေး သံချပ်များဖြင့်သီဆိုဖျော်ဖြေခဲ့ပြီး ရွေးချယ်ခံရသော မှတ်တမ်းရုပ်ရှင်များနှင့် ဇာတ်လမ်းတိုရုပ်ရှင်များကို အများပြည်သူအား ပြသခဲ့ပါသည်။

ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော် (ဘားအံ) 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ စနေနေ့ တွင် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ကရင်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစောမြင့်ဦး နှင့် ကျား၊ မ ရေးရာတန်းတူညီမျှရေး ကွန်ရက်မှ အကြံပေး ဒေါ်ပန်စီထွန်းသိန်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ရုပ်ရှင်ပွဲတော်တွင် ရွေးချယ်ခံရသော မှတ်တမ်းရုပ်ရှင်များနှင့် ဇာတ်လမ်းတိုရုပ်ရှင်များကို အများပြည်သူအား ပြသခဲ့ပါသည်။ 

 

ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော် ပိတ်ပွဲနှင့် ဆုပေးပွဲ

ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး၊ ဘားအံ ၊ မြစ်ကြီးနား မြို့များတွင် ကျင်းပပြုလုပ်ခဲ့တဲ့ ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတောပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့ Pan Pacific Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရုပ်ရှင်ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အနုပညာရှင်များ နှင့် ရွေးချယ်ခံ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးသူ ဒါရိုက်တာများ၊ အကဲဖြတ် ဒိုင်လူကြီးများ စုံလင်စွာတက်ရောက်ခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ဒါရိုက်တာ စိန်လျှံထွန်း ရိုက်ကူးတဲ့ အာလူးမ မှတ်တမ်းရုပ်ရှင်မှ ဆွတ်ခူးရရှိခဲ့ပြီး ပရိတ်သတ် မဲပေးရွေးချယ်သော လူကြိုက်အများဆုံး ဇာတ်လမ်းရုပ်ရှင်ဆုကိုပါ ပူးတွဲရရှိခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတို ဆုကိုတော့ ဒါရိုက်တာ မိုင်းအိုက်နွေ ရိုက်ကူးတဲ့ ကျွဲကျောင်းသားလေး ဇာတ်လမ်းမှ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

 

 

NSPAW (Nation Strategic Plan for the Advancement of Women) and Gender Instrument TOT Training

ကျား၊ မ ရေးရာတန်းတူညီမျှရေး ကွန်ရက်မှ NSPAW( Nation Strategic Plan for the Advancement of Women) and Gender Instrument TOT သင်တန်းအား ရန်ကုန်မြို့ ပါရမီဟိုတယ်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ မှ ၁၄ ရက်နေ့အထိ(၄) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ မန္တလေး၊မြစ်ကြီးနား၊ ဘားအံ နှင့် တောင်ကြီးမြို့ များမှ CSO ကိုယ်စားလှယ်များ၊ DCA NCA နှင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ တာဝန်ရှိသူများ စုစုပေါင်း ကျား(၆) ဦး မ (၂၈) ဦး အခြား (၃) ဦး စုစုပေါင်း ၃၇ ဦး တက်ရောက်ခဲ့ပြီး သင်တန်းပြီးဆုံးကြောင်းလက်မှတ်များကိုပါ ပူးတွဲချီးမြှင့်ခဲ့ပါသည်။

 

GEN’s Members’ Assembly

ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ Members’ Assembly အား ဒီဇင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့အထိ ၂ ရက်ကြာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ဒွါယာဝတီခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ပထမနေ့ (ဒီဇင်ဘာ ၁၇) တွင် ToR of GEN, GEN’s membership requirements, criteria, categories, Code of Conduct, Process after approval နှင့် Conditions for termination တို့ကို ကွန်ရက်အဖွဲ့ဝင်များနှင့်အတူ ဆွေးနွေးခဲ့ကြပြီး ဒုတိယနေ့ (ဒီဇင်ဘာ ၁၈) တွင် Governance (SC Criteria, SC ComposItion, Co-Chair), Strategies for Sustainability of GEN, Structure of CU & Policy Highlights, Future Plans, Draft PSEA Policy နှင့် အခြားလိုအပ်သည့် မူဝါဒများအကြောင်း ဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာကြသော ကွန်ရက်အဖွဲ့ဝင်များမှ မိမိသက်ဆိုင်ရာအဖွဲ့အလိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီး မိမိတို့၏ အမြင်နှင့် ဆွေးနွေးချက်များကို တင်ပြခဲ့ကြပါသည်။

Public Campaign

ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့၏ ပူးပေါင်းပါဝင်မှုဖြင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဘားအံမြို့ ၌ ပညာပေးစာတမ်းများအား  မော်တော်ဆိုင်ကယ်နှင့် ကားများပေါ်တွင် ကိုင်ဆောင်ကာ လူထုအသိပညာပေးကမ့်ပိန်းတစ်ခုအား ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကမ့်ပိန်းအား ၂၀၁၈ ခုနှစ် ၁၆ ရက်တာ လှုပ်ရှားမှုအနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး မော်တော်ယာဉ်တန်းအား ရဲဆိုင်ကယ်များ၊ အစိုးရဌာနများမှ ဦးဆောင်ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အကြမ်းဖက်မှု ပပျောက်ကာ လုံခြုံစိတ်ချရသော မြို့တော်တစ်ခုဖြစ်လာစေရေးအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
 
 

Meetings and Workshops attended by GEN’s representatives

 

ဒီဇင်ဘာလ ၁၊ ၂၀၁၈ - GEN၏ ညွှန်ကြားရေးမှုးသည် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဖားကန့်တွင် ပြုလုပ်ကျင်းပသော ပထမဆုံးအကြိမ် ၁၆ ရက်တာ လှုပ်ရှားမှုအား Resource Person တစ်ဦးအနေဖြင့် တက်ရောက်ခဲ့ပါသည်။ ၄င်းအခမ်းအနားအား အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၆၅၈ ဦး စုစုပေါင်း လူဦးရေ ၇၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။

 

 
ဒီဇင်ဘာလ ၂၊ ၂၀၁၈ - GEN၏ ညွှန်ကြားရေးမှုးသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ မနောကွင်းတွင် ကျင်းပပြုလုပ်ခဲ့သော ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်အား တက်ရောက်ခဲ့ပါသည်။
 
 
ဒီဇင်ဘာလ ၄၊ ၂၀၁၈ - GEN၏ ညွှန်ကြားရေးမှုးသည် Kachin Women Union (KWU) မှ ကချင်ပြည်နယ်၊ လုံးခင်းတွင် ကျင်းပပြုလုပ်သော ပထမဆုံးအကြိမ် ၁၆ ရက်တာ လှုပ်ရှားမှုအား တက်ရောက်ခဲ့ပါသည်။
 
 
ဒီဇင်ဘာ ၄ ၅၊ ၂၀၁၈ - GEN၏ Advisor သည် Fair Wear Foundation၊ ITC-ILO၊ Myanmar Garment Manufactures’ Association တို့မှ Care Myanmar၊ Gender Equality Network တို့နှင့် ပူးပေါင်းကျင်းပသော “Safe and Equal at Workplaces” အလုပ်ရုံဆွေးနွေးပွဲအား တက်ရောက်ခဲ့ပါသည်။ GEN၏ Advisor သည် ကျား၊ မ တန်းတူညီမျှရေး၊ အထူးသဖြင့် အထည်စက်ရုံများတွင် အဖြစ်များသော ကျား၊ မ ရေးရာနှင့် သက်ဆိုင်သော ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။ စက်ရုံ၊ အလုပ်ရုံများမှ HR မန်နေဂျာ ၃၀ ခန့် တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲများတွင် တက်ကြွစွာ ဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်သူများအနေဖြင့် ကျား၊ မ တန်းတူညီမျှရေး၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှု၊ အလုပ်ခွင်အတွင်းရှိ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများအကြောင်း လေ့လာခဲ့ကြပြီး အလုပ်ခွင်အတွင်းရှိ ပေါ်လစီ၊ အသိပညာပေးလုပ်ငန်း၊ ထိရောက်သော တိုင်ကြားမှုစနစ်များအကြောင်း ဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်သူများသည် ဆွေးနွေးပွဲအပြီးတွင် ITC-ILO မှ ပေးအပ်သော လက်မှတ်ရရှိခဲ့ပါသည်။
 
 
ဒီဇင်ဘာလ ၇၊ ၂၀၁၈ - GEN၏ ညွှန်ကြားရေးမှုးသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ကျင်းပခဲ့သော ထာဝရဖဲကြိုးဖြူ အထူးရုပ်ရှင်ပွဲတော်အား တက်ရောက်ခဲ့ပါသည်။.
 

 

ဒီဇင်ဘာလ ၈၊ ၂၀၁၈ - GEN၏ ညွှန်ကြားရေးမှုးသည် Radio Free Asia (RFA) မှ ပြုလုပ်သော TV talk show တွင် လက်ထပ်ထိမ်းမြားခြင်းဥပဒေ၊ ဓလေ့ထုံးတမ်းဥပဒေများနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းများအကြောင်း ဆွေးနွေးခဲ့ပါသည်။

 
ဒီဇင်ဘာလ ၈၊ ၂၀၁၈ - GEN၏ ညွှန်ကြားရေးမှုးသည် Voice of America (VOA) ၏ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ရေဒီယိုအစီအစဉ်တွင် ပါဝင်ခဲ့ပါသည်။
 
ဒီဇင်ဘာလ ၉၊ ၂၀၁၈ - GEN၏ ညွှန်ကြားရေးမှုးသည် Chatrium Hotel တွင် ပြုလုပ်ခဲ့သော AGIPP ၏ အစည်းအဝေးအား တက်ရောက်ခဲ့ပါသည်။
 
ဒီဇင်ဘာလ ၉၊ ၂၀၁၈ - GEN၏ ညွှန်ကြားရေးမှုးသည် အင်းယားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော Women’s League of Burma ၏ ၁၉ နှစ်ပြည့်ပွဲအား တက်ရောက်ခဲ့ပါသည်။
 
ဒီဇင်ဘာလ ၁၁၊ ၂၀၁၈ - GEN၏ ညွှန်ကြားရေးမှုးသည် Pan Pacific Hotel တွင် ပြုလုပ်ခဲ့သော ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲအား တက်ရောက်ခဲ့ပါသည်။
 
ဒီဇင်ဘာလ ၁၇၊ ၁၈၊ ၂၀၁၈ - GEN၏ ညွှန်ကြားရေးမှုးသည် ငပလီကမ်းခြေတွင် ပြုလုပ်ခဲ့သော ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ Members’ Assembly အား တက်ရောက်ခဲ့ပါသည်။

 


Back