မင်္ဂလာပါ။

၂၀၁၈ခုနှစ် မတ်လအတွက်လစဉ်သတင်းလွှာ ရယူဖို့ အချိန်ကျရောက်လို့လာပါပြီ။  မတ်လဟာအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့် အတူ ကျား၊ မ ရေးရာ တန်းတူညီမျှရေးနဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေးပွဲများစွာ ကျင်းပနိုင်ခဲ့သော လတစ်လလည်း ဖြစ်ခဲ့ပါတယ်။

ယခုလ လစဉ်သတင်းလွှာမှာတော့ GEN ၏ ပဲ့ကိုင်ကော်မတီဝင်ဖြစ်သော မချမ်းမြတ်သူ (Norwegian People’s Aid ) ၏ စကားလက်ဆောင်အား မျှဝေထားပါသည်။ နောက်လများတွင်လည်း GEN အဖွဲ့ဝင်များ၊ ပဲ့ကိုင်ကော်မတီ ၀င် များနှင့် CU ၀န်ထမ်း များမှ မိမိတို့၏ GEN နှင့်ပတ်သက်သော အတွေ့အကြုံစကားလက်ဆောင်များ ပါဝင်မျှဝေပေးပါရန် ဖိတ်ခေါ်အပ်ပါတယ်။

 

မချမ်းမြတ်သူ ( GEN ၏ ပဲ့ကိုင်ကော်မတီဝင် ) 

 

မချမ်းမြတ်သူ၏ စကားလက်ဆောင်

        ပထမဆုံးအနေနဲ့ Norwegian People’s Aid (NPA) ရဲ့ကိုယ်စားပြုအနေနဲ့ GEN ရဲ့ ပဲ့ကိုင်ကော်မတီဝင်အဖြစ် ပါဝင်ခွင့်ရတာကိုအထူးကျေးဇူးတင်ပါတယ်။ GEN မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရတာကိုလည်း ဂုဏ်ယူမိပါတယ်။ GENရဲ့လစဉ်အစည်းအဝေးတွေ၊ သုတေသန လုပ်ငန်းအဖွဲ့၊ ၁၆ ရက်တာလှုပ်ရှားမှု လုပ်ငန်းအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ လုပ်ငန်းအဖွဲ့ စတဲ့ အစည်းအဝေးတွေမှာ ပါဝင်လာရင်း GEN နဲ့ ထိတွေ့ခွင့်ရတာ လေးနှစ်ကျော် ရှိခဲ့ပါပြီ။ အဲလိုပူးပေါင်းလုပ်ဆောင်ရင်းနဲ့မှ ကျား၊ မ ရေးရာ တန်းတူညီမျှရေး၊ အမျိုးသမီးအခွင့်အရေး တွေရရှိအောင် လုပ်ဆောင်နေတဲ့ အသိပညာပေးပွဲတွေ၊ စည်းရုံးလှုံ့ဆော်မှုတွေ၊ ကမ်ပိန်းတွေမှ တစ်ဆင့် ကျွန်မအတွက် အသိပညာတွေ၊ အတွေ့အကြုံတွေ ပိုမိုများပြားလာခဲ့ပါတယ်။ အဲဒါတွေအပြင် GEN အဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်နေမှုတွေကို သင်ယူရရှိခဲ့သလို ကျွန်မတို့ NPA ရဲ့ မိတ်ဖက် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ Advocacy၊ Campaign တွေလုပ်ဆောင်နိုင်ဖို့ ချိတ်ဆက်ခွင့်ရရှိခဲ့ပါတယ်။

           “Coming together is a beginning, Keeping together is progress and Working together is successဆိုတဲ့ စကားအတိုင်း ကျွန်မတို့အားလုံးဟာ ကွန်ရက်အဖွဲ့ဝင်တွေဖြစ်လို့ အဖွဲ့ဝင်များရဲ့တူညီတဲ့ တန်ဖိုးတွေ အင်အားတွေနဲ့ အတူတူပူးပေါင်းလုပ်ဆောင်ကြရင်းနဲ့ ကျွန်မတို့လိုချင်နေတဲ့ ပန်းတိုင်ကို ရောက်ရှိမယ်လို့ ယုံကြည်ပါတယ်။

ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက် ထူးခြားသတင်းများ

 

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲများ 

         ၂၀၁၈ ခုနှစ် မတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ဦးစီးကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲ၌ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (GEN) မှ တက်ရောက်ခဲ့ပြီး GEN မှ ထုတ်ဝေလျက်ရှိသော သုတေသန စာတမ်းများ၊ စာအုပ်များနှင့် အခြားသော IEC ပစ္စည်းများအား မျှဝေခဲ့ခြင်းဖြင့် ပါဝင်ခဲ့ပါသည်။ အဆိုပါပွဲအား နေပြည်တော် MICC II တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရ ဌာနဆိုင်ရာများနှင့် အမျိုးသမီးအဖွဲ့များရှိ တာဝန်ရှိ ပုဂ္ဂိုလ်များမှ တက်ရောက်ခဲ့ကြပါသည်။

       ၂၀၁၈ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီးကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲ၌ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (GEN) မှ တက်ရောက်ခဲ့ပြီး GEN မှ ထုတ်ဝေလျက်ရှိသော သုတေသန စာတမ်းများ၊ စာအုပ်များနှင့် အခြားသော IEC ပစ္စည်းများအား မျှဝေခဲ့ခြင်းဖြင့် ပါဝင်ခဲ့ပါသည်။ အဆိုပါပွဲအား ရန်ကုန်တိုင်း မြန်မာနိုင်ငံဆရာဝန်များအသင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရ ဌာနဆိုင်ရာများနှင့် အမျိုးသမီးအဖွဲ့များရှိ တာဝန်ရှိ ပုဂ္ဂိုလ်များမှ တက်ရောက်ခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား (နေပြည်တော်၊ MICC II) 

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား(ရန်ကုန်၊ MMA)

              

              အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့များ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားပွဲအား ၂၀၁၈ မတ်လ ၁၀ ရက်နေ့၌ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပခဲ့ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ #PressforProgress "အမျိုးသမီးကဏ္ဍမြင့်မားရေး အားလုံးဝိုင်းဝန်းတွန်းအားပေး" ဖြစ်ပြီး အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ တက်ရောက်ချီးမြှင့် အမှာစကားပြောကြားပေးခဲ့ပြီး အမျိုးသမီးအရေးနှင့် ပတ်သက်သော ပြဇာတ်များ၊ ကဗျာများ၊ တေးသီချင်း ဖျော်ဖြေမှုများနှင့် စကားဝိုင်းဆွေးနွေးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား( မဟာဗန္ဓုလ ပန်းခြံ) 


        ၂၀၁၈ မတ်လ ၁၇ နှင့် ၁၈ရက် နေ့များတွင် ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကြီးမှုးကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး ပညာပေးလှုပ်ရှားမှု အခမ်းအနားတွင် ကျား၊ မ ရေးရာတန်းတူညီမျှရေးကွန်ရက်မှ ထုတ်ဝေသော လက်ကမ်းစာစောင်များ၊သုတေသနစာတမ်းများ၊အမျိုးသမီးများအား အကြမ်းဖက်မှုများမှ ကာကွယ်ပေးသည့် ဥပဒေနှင့်သက်ဆိုင်သော စာအုပ်များအား အသိပညာပေးပြခန်းဖွင့်လှစ်ပြီး အခမဲ့ ဖြန့်ဝေပေးခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား(ပြည်သူ့ ရင်ပြင်)


 "မြန်မာနိုင်ငံတွင်း ကျား၊ မ ရေးရာ တန်းတူညီမျှမှု ရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်မှုတွင်ပါဝင်သူများပူးပေါင်းပြီး နိုင်ငံတော် ယန္တရားများမှ တစ်ဆင့် ဆောင်ရွက်နိုင်ရေး"  အလုပ်ရုံဆွေးနွေးပွဲ

            မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့်မိန်းကလေးငယ်များအနေဖြင့် လုပ်ပိုင်ခွင့်၊ တန်းတူအခွင့်အရေးများ ပိုမိုရရှိစေရန်နှင့် ကျား/မ ရေးရာ တန်းတူညီမျှမှုမြှင့်တင်ရေးဆောင်ရွက်ရာတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ဒေသ န္တရ အစိုးရများအကြားပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် European Union မှငွေကြေးထောက်ပံ့သော စီမံကိန်းအသစ် မိတ်ဆက်ခြင်း အခမ်းအနားအား မတ်လ ၃၀ ရက် သောကြာနေ့တွင် ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပခဲ့ပါသည်။

           အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ European Union မှ Ambassador နှင့်ကိုယ်စားလှယ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ၊ မီဒီယာများ စသဖြင့် စုစုပေါင်း ( ၁၀၃ ) တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် Mr. Kristian Schmidt, Ambassador of EU မှ အဖွင့်စကားပြောခဲ့ပြီး၊ ဒေါက်တာကေသီမြင့်သိန်း (GEN), Mr. Mani Kumar (DCA-NCA), မစုစုငယ် (Pyoe Pin Institute) တို့မှလည်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

          ထို့အပြင် "Empowered Civil Society Organisations and Local Authorities Promoting Gender Equality in Myanmar through National Mechanism" ခေါင်းစဉ်ဖြင့် ကိုနေလင်းထိုက် (Equality Myanmar) မှ ဦးဆောင်ကာစကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒေါ်မိုးမိုးမင်း (လူမှုဝန်ထမ်းဦးစီးဌာန)၊ ဒေါ်ပန်စီထွန်းသိန်း (GEN), ဒေါ်နွယ်ဇင်ဝင်း (ပြည်ကြီးခင်)၊ Mrs. Jasmine Burnley (Oxfam in Myanmar) တို့မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဒေါက်တာထက်ဝေဦး (Project Manager, GEN) မှလည်း ဆောင်ရွက်မည့် စီမံကိန်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ညနေပိုင်းတွင်လည်း ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အဖွဲ့ဝင်များနှင့် ဆွေးနွေးကာ စီမံကိန်းနှင့်ပတ်သက်ပြီး အကြံပြုချက်များ ရယူခဲ့ပါသည်။

"မြန်မာနိုင်ငံတွင်း ကျား၊ မ ရေးရာ တန်းတူညီမျှမှု ရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်မှုတွင်ပါဝင်သူများပူးပေါင်းပြီး နိုင်ငံတော် ယန္တရားများမှ တစ်ဆင့် ဆောင်ရွက်နိုင်ရေး" အလုပ်ရုံဆွေးနွေးပွဲ


လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပခြင်း

        မတ်လ ၂၃ရက်နေ့တွင် အလုပ်သမားဥပဒေနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား GEN ရုံးတွင် ကျင်းပခဲ့ပြီး လက်ရှိ အလုပ်သမားဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းနှင့် ပြန်လည်ပြင်ဆင်သင့်သည့် အချက်အလက်များအပေါ် သုံးသပ်ခြင်းများပြုလုပ်ခဲ့ကြပါသည်။ 

 အလုပ်သမားဥပဒေ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းအစည်းအဝေး 


 GEN ကိုယ်စားပြုတက်ရောက်ခဲ့သော ဆွေးနွေးပွဲများ 

          GEN-CU Acting Director မှ Burma/Myanmar UPR Forum မှ ကျင်းပသော Mid Term Universal Periodic Review အတွက် NGO အဖွဲ့များ၏ စုပေါင်း အစီရင်ခံစာထွက်ပေါ်လာရေးအတွက် ဆွေးနွေးခြင်းပွဲအား တက်ရောက်ခဲ့ပါသည်။ GEN အနေဖြင့် အမျိုးသမီးအခွင့်အရေးနှင့် ကျား၊မ ရေးရာ တန်းတူညီမျှရေးနှင့် ပတ်သက်ပြီးNSPAW အကောင်အထည်ဖော်ရေး၊ PoVAW Law အတည်ပြုရေးနှင့် အမျိုးသမီးများအတွက် လိုအပ်ချက်များ ရရှိရေးနှင့် ကျား၊ မတန်းတူညီမျှရေးဆိုင်ရာ ယန္တယား ဖြစ်ပေါ်လာရေး စသည့် အကြောင်းအရာများအား တင်ပြခဲ့ပါသည်။ 

         မတ်လ ၂၂ ရက်နေ့တွင် Burma/Myanmar Forum မှ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်သို့ အကြမ်းပြင်ဆင်ထားသော Mid Term UPR report အားတင်ပြခဲ့ပါသည်။ GEN-CU Acting Director မှ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ကျား၊ မ ရေးရာနှင့် အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေများကို တင်ပြခဲ့ပါသည်။

        မတ်လ ၂၁ ရက်နေ့တွင် GEN ပဲ့ကိုင်ကော်မတီဝင် ဒေါ်နီလာထွန်း၊ GEN-CU နည်းပညာအကြံပေး ဒေါ်ပန်စီထွန်းသိန်း၊ Acting Director ဒေါ်ကေသီမြင့်သိန်နှင့် စီမံကိန်း မန်နေဂျာ ဒေါ်နှင်းရွှေဇင်လှိုင်တို့မှ GEN ကိုယ်စားပြုအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်တို့နှင့် တွေ့ဆုံခဲ့ပြီး GEN ၏ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။

        မတ်လ ၂၆ ရက်နေ့တွင် GEN-CU နည်းပညာ အကြံပေး ဒေါ်ပန်စီထွန်းသိန်းမှ UN Women မှ ကျင်းပသော "Myanmar Gender in Humanitarian Action Profile" နှင့် ပတ်သက်သော ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပါသည်။ အဆိုပါ Profile အား ၂၀၁၈ ဇွန်တွင် ထွက်ပေါ်ရန် မျှော်လင့်ထားပြီး GEN အနေဖြင့် လိုအပ်သော အကြံဥာဏ်များ၊ reference များပေးရန် သဘောတူညီထားကြောင်း သိရပါသည်။

      မတ်လ ၂၈ ရက်နေ့တွင် GEN-CU နည်းပညာ အကြံပေး ဒေါ်ပန်စီထွန်းသိန်းမှ IDRC (International Development Research Center) မှ အကြံပေးပုဂ္ဂိုလ်များဖြင့် အစည်းအဝေးတွင် ပါဝင်ခဲ့ပြီး IDRC မှ ပြုလုပ်သွားမည့် သုတေသနနှင့် အခြားသော လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။

 သတင်းများ မျှဝေခြင်း 

         

            ကနေဒါနိုင်ငံတွင် ကျင်းပမည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ ကျန်းမာရေးနှင့် အခွင့်အရေးနှင့် သက်ဆိုင်သော Women Deliver 2019 Conference အတွက်Scholarship လျှောက်လွှာများ ခေါ်ယူနေပြီး ဧပြီလ ၁၉ ရက်နေ့ နောက်ဆုံးထားလျှောက်ရမည်ဖြစ်ပါသည်။

အသေးစိတ်ဖတ်ရှုရန်။  http://womendeliver.org/conference/2019-conference/ 

လျှောက်ထားရန်။  https://app.wizehive.com/appform/login/wd2019scholarship


        UNFPA မှ စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်ရန် Program Specialist (Sexual and Reproductive Health and Rights) ရာထူးအတွက် ခေါ်ယူနေပြီး ဧပြီလ ၅ ရက်နေ့ နောက်ဆုံးထားလျှောက်ရမည်ဖြစ်ပါသည်။

အသေးစိတ်ဖတ်ရှုရန်။ https://www.unfpa.org/jobs/programme-specialist-temporary-appointment-sexual-and-reproductive-health-and-rightssrhr-sittwe


        ဖန်တီးအိမ်အဖွဲ့မှ Assistant Finance Officer နှင့် Field Facilitator ရာထူးအတွက် အလုပ်ခေါ်ယူနေပြီး ဧပြီလ ၂၀ရက်နေ့ နောက်ဆုံးထား လျှောက်ရမည်ဖြစ်ပါသည်။

Download ToR_ Assistant Finance Officer

Download ToR_ Field Facilitator


Pact Myanmar မှ Gender Equality and Social Inclusion Analyst ရာထူးအတွက် အလုပ်ခေါ်ယူနေပြီး http://pactworld.force.com/careers/VanaHCM__Job_Detail?Id=a33f1000000zfK5AAI  တွင်အသေးစိတ်ကို ဖတ်ရှုနိုင်ပါသည်။       

Feature Resources 

           My Justice အဖွဲ့၏ “ဥပဒေ၏ တရားမျှတမှုကို ရှာဖွေခြင်း” မူဝါဒဆိုင်ရာ အနှစ်ချုပ်အား Download ရယူနိုင်ပြီဖြစ်ပါသည်။ အဆိုပါစာတမ်းမှာ national knowledge, attitude နှင့် practice တို့အပေါ်အခြေခံပြီး ကောက်ယူထားသောသော စစ်တမ်းမှ တွေ့ရှိချက်များအပေါ်အခြေခံထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးအတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းများအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

Download Myanmar Version: http://myjusticemyanmar.org/sites/default/files/Policy%20Brief__Burmese-compressed_0.pdf

Download English Version: http://myjusticemyanmar.org/sites/default/files/Policy%20Brief%20Final_English_0.pdf

ရုံးပိတ်ရက် ကြေညာခြင်း

ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်၏ သင်္ကြန်တွင်းကာလ ရုံးပိတ်ရက်များအဖြစ်သတ်မှတ်ထားကြောင်း သတင်းပါးအပ်ပါသည်။ 

 

 

 

back

Share
Share
Share