Share 150 views 2019-12-13

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ထာဝရ ဖဲကြိုးဖြူ အသိပညာပေးပွဲနှင့် ညစာစားပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့နေပြည်တော် PARKROYAL တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအား မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီးအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အမျိုးသမီးရေး တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။