မြန်မာနိုင်ငံရေးနှင့် ကျား၊မ ရေးရာ-၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ အမျိုးသမီးနှင့် အမျိုးသားကိုယ်စားလှယ်လောင်းများ သုတေသန အစီရင်ခံစာ နှင့် Mizzima Media နှင့် ပူးပေါင်းထုတ်လုပ်သော ဦးဆောင်မြင့်မားစွမ်းပကားနှင့် မြန်မာ့အသိုက်အဝိုင်းမှ အမျိုးသမီးများ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားအား နိုဝင်ဘာလ ၂၁ရက်နေ့ နေ့လည် ၃ နာရီမှ ၅ နာရီ အထိ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတွင် GEN အဖွဲ့ဝင်များ၊ NGO/INGO, UN, Embassy, Media များမှ စုစုပေါင်း ၉၀ ကျော် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဒေါက်တာကေသီမြင့်သိန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မဇ္စျိမ မီဒီယာမှ ထုတ်လုပ်ရေး မန်နေဂျာ ဒေါ်အေးသက်လှိုင်မှ "ဦးဆောင်မြင့်မား စွမ်းပကားနဲ့ မြန်မာ့အသိုက်အဝန်းထဲမှ အမျိုးသမီးများ" စာအုပ်အကြောင်း ရှင်းလင်းတင်ပြခြင်း၊ Paul Minoletti (International Consultant) မှ "မြန်မာ့နိုင်ငံရေးနှင့် ကျား၊မ ရေးရာ-၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှ အမျိုးသမီးနှင့် အမျိုးသားကိုယ်စားလှယ်လောင်းများ" သုတေသနအား ရှင်းလင်းတင်ပြခြင်း တို့ပြုလုပ်ခဲ့ပါသည်။ ထို့နောက် " အမျိုးသမီးနှင့် ခေါင်းဆောင်မှု" ခေါင်းစဉ်ဖြင့်ဒေါ်နန်းဖြူဖြူလင်း(GEN)မှ moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး ဒေါ်ခင်မမမျိုး (MIGS), ဦးချမ်းငြိမ်းအောင်(COM) ၊ ဒေါ်မွန်မွန်အောင် (မြောက်ဥက္ကလာပ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး) ဒေါက်တာချိုလဲ့အောင် (စွန့်ဦးတီထွင်လုပ်ငန်းရှင်) တို့မှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ အမေးအဖြေများပြုလုပ်ခဲ့ကြပါသည်။


back