Engaging Men Working Group မှ ဦးဆောင်ကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး - ဖဲကြိုးဖြူ အထိမ်းအမှတ် ဖျော်ဖြေပွဲအား နိုဝင်ဘာလ ၂၅ ရက်နေ့၌ မဟာဗန္ဓုလ ပန်းခြံတွင် ကျင်းပခဲ့ပါသည်။ သန်းတစ်ထောင်လှုပ်ရှားမှု( 1 Billion Rising) အက၊ ၂၀၁၆ ခုနှစ် ထာဝရဖဲကြိုးဖြူ သီချင်းဆိုပြိုင်ပွဲမှ ဆုရရှိသူများ၏ ထာဝရဖဲကြိုးဖြူ သီချင်းများဖြင့် ဖျော်ဖြေမှုများ၊ FxB အဖွဲ့၏ ယနေ့ခေတ်ကြုံတွေ့နေရသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအကြောင်း အသိပညာပေးပြဇာတ်များ၊ ဥပဒေအကြောင်း သိကောင်းစရာများနှင့် အခြားသော စိတ်ဝင်စားဖွယ်အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။ မိုးရွာပေမဲ့လည်း အပြုံးမပျက် ဖျော်ဖြေသွားကြတဲ့ ထာဝရဖဲကြိုးဖြူ အဆိုရှင်များ၊ ပြဇာတ်အဖွဲ့နှင့်1 Billion Rising အကတွင် ပါဝင်ကူညီပေးကြသူများနှင့် အထူးသဖြင့် မိုးရွာထဲမှာ စိတ်ရှည်စွာနဲ့ အားပေးကြည့်ရှုကြတဲ့ ပရိတ်သတ်တွေအားလုံးကို **Engaging Men Working Group** ကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါသည်။



back