၂၀၁၇ ဒီဇင်ဘာလ ၁၅ နှင့် ၁၆ ရက်တွင် ထာဝရဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲအား ပြည်သူ့ရင်ပြင်၊စမ်းချောင်းသာကွင်း၌ ကျင်းပခဲ့ပြီး လာရောက်အားပေးသူပေါင်း ၇၀၀ ကျော်ခန့် ရှိခဲ့ပါသည်။ အခမ်းအနားအား ဦးမေတ္တာနှင့် ဦးအရိုင်းတို့မှ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့ကာ ကလေးပါးစပ်၊ ပြည်သူ့မော်ကွန်း၏ ထာဝရအဖြူ၊ ပဲ့တင်သံ(ဖျာပုံ)၊ ပွဲခင်းသာ၊ တန်ခူးဘုရင်၊ ပစ်တိုင်းထောင်၊ အားမာန်ဝင့်ထည်သာကီနွယ်စွယ်စုံသံချပ်အဖွဲ့ ၊အပ္ပမာဒေန သမ္ပာဒေထ (တိုင်းပြုပြည်ပြု ယဉ်ကျေးမှု မဟာသင်္ကြန်အင်အားစု)၊ ကောင်းခြင်းမင်္ဂလာ "ရွှေမြန်မာ၊ ဒို့ပြေ ဒို့မြေ စွယ်စုံအင်အားစု စသည့် သံချပ်အဖွဲ့များမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဒေါ်ဖြူဖြူသင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးဟန်မြင့်၊ ဂီတာ ဖေဝင်း၊ ဦးထွန်းထွန်းဦး (၁၆ ရက်တာလှုပ်ရှားမှု လုပ်ငန်းအဖွဲ့)၊ ဒေါ်နော်ဖရီးရှာ ( ၁၆ရက်တာ လှုပ်ရှားမှု လုပ်ငန်းအဖွဲ့) တို့မှ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဥပဒေ၊ပုဒ်မ များအကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများအကြောင်း၊ ယနေ့ ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှုများအကြောင်းနှင့် မည်ကဲ့သို့ လုပ်ဆောင်သင့်သည့်အကြောင်း၊ လွဲမှားနေသော အယူအဆများအကြောင်း၊ အမျိုးသမီးများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ကျား၊ မ တန်းတူ အခွင့်အရေး မရရှိသည့် အကြောင်းအရာများအား ပြိုင်ပွဲဝင် သံချပ်အဖွဲ့တိုင်းမှ တင်ဆက်သွားခဲ့ပါသည်။ ပထမဆုကို "အားမာန်ဝင့်ထည်သာကီနွယ်စွယ်စုံ သံချပ်အဖွဲ့" မှ လည်းကောင်း၊ ဒုတိယဆုကို "ပြည်သူ့မော်ကွန်း၏ ထာဝရအဖြူ" သံချပ်အဖွဲ့မှ လည်းကောင်း၊ တတိယဆုကို " ဒို့ပြေဒို့မြေ စွယ်စုံအင်အားစု" သံချပ်အဖွဲ့မှ လည်းကောင်း ရရှိခဲ့ပါသည်။ အဆိုပါပွဲတွင် သံချပ်ပြိုင်ပွဲနှင့် အတူ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များအသင်း အစည်းအရုံး(ဗဟို)၏ ဥက္ကဌ ဦးမိုးဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ဒေါ်ပန်စီထွန်းသိန်း နှင့် ဒေါ်စန္ဒာသန့်(၁၆ရက်တာ လှုပ်ရှားမှု လုပ်ငန်းအဖွဲ့) မှ ထာဝရဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲ၏ ရည်ရွယ်ချက်အားပြောကြားခြင်း၊ အပျိုတော်ယိမ်းအက၊ Kings N Queens အဖွဲ့၏ ပြဇာတ်နှင့် သန်းတစ်ထောင်လှုပ်ရှားမှု အက၊ ဇွဲဝတီ (Amazing Girls) အဖွဲ့၏ ပြဇာတ်၊ မေတ္တာမြင့်မြတ်ဟိန်း၊ ဟန်ဇာ မိုးဝင်းတို့၏ ဖျော်ဖြေမှုနှင့် ဒေါ်နီလာထွန်း(၁၆ ရက်တာ လှုပ်ရှားမှု လုပ်ငန်းကော်မတီအဖွဲ့) မှ ကျေးဇူးတင်စကားပြောကြားခြင်းစသည့်အစီအစဉ်များနှင့် ပွဲလာရောက်သူများ၏ အမြင်များ၊ စကားသံများအား နားထောင် မှတ်သားခြင်း နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း အစီအစဉ်များလည်း ပါဝင်ခဲ့ပါသည်။


back