၂၀၁၉- ၂၀၂၁ အတွက် GEN ၏ မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲအား ဖေဖော်ဝါရီလ ၁၇ နှင့် ၁၈ ရက်နေ့တွင် အဖွဲ့ဝင်များဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ပဲ့ကိုင်ကော်မတီဝင်များဖြင့်လည်းကောင်း Sule Shangri-La ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ ယခင်နှစ်များ၏ မဟာဗျူဟာ စီမံကိန်းအပေါ် ပြန်လည်သုံးသပ်ခြင်း၊ ကွန်ရက် အားကောင်းလာစေရန်နှင့် ကျား၊ မ တန်းညီမျှရေးအတွက်၂၀၁၉ မှ ၂၀၂၁ ခုနှစ်အတွက် (၃) နှစ်တာ အတွင်း လုပ်ဆောင်သွားမည့် လုပ်ငန်းများ စသည်တို့အား အဖွဲ့ဝင်များ၏ အကြံဥာဏ်များ၊ ပူးပေါင်းပါဝင်မှုများဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ အဖွဲ့ဝင်များ၏ ပူးပေါင်းပါဝင်မှုမှာ အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်သဖြင့် တက်ရောက်ဆွေးနွေးပေးကြသော အဖွဲ့ဝင်များ၊ ပဲ့ကိုင်ကော်မတီဝင်များအား အထူးပင်ကျေးဇူးတင်ရှိပါသည်။



back